[multilanguage_switcher]

Daw Htike Htike San

ဒေါ်ထိုက်ထိုက်စံ၊ ဒုလက်ထောက်ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊
ပျဉ်းမနားမြို့နယ်၊ ငကောင်းကံကျေးရွာတာဝန်ခံ
ကသ-၄၉၊ ကျေးရွာသစ်လှုပ်ရှားမှုသင်တန်းအမှတ်စဉ်(၃/၂၀၁၇)၊ ၂၇-၁၁-၁၇ မှ ၁-၁၂-၁၇ အထိ

သင်တန်းပို့ချတဲ့ ဘာသာရပ်တွေဟာ ကျွန်မရဲ့လုပ်ငန်းခွင်မှာရော ဘဝမှာရော များစွာအထောက်အကူပြုပါ တယ်။ ဆယ်မားအူးလ်အွန်ဒုန်စီမံကိန်းလုပ်ငန်းတွေအပြင် ကျွန်မရဲ့အိမ်အတွက်လည်း များစွာအထောက်အကူပြု ပါတယ်။
ဒေါက်တာကျော်ဝေနိုင်သင်ကြားပေးတဲ့ ကိုရီးယားနိုင်ငံက ဆန်တစ်ဇွန်းစီစုတဲ့အလေ့အထကို ကျွန်မအိမ်မှာ လက်တွေ့ဆောင်ရွက်မယ်လို့ စိတ်ကူးမိပါတယ်။

သင်တန်းမှာ မနက်ပိုင်း ကာယလေ့ကျင့်ခန်းကအစ ထမင်းစားတာ၊ စာသင်တာ အားလုံး ပင်ပန်းမယ်လို့ ထင်ခဲ့မိပါတယ်။ ဒါပေမယ့် တကယ်လုပ်တဲ့အခါကျတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ သင်ခန်းစာတွေကို လေ့လာနိုင်တာကို တွေ့ရှိရပါတယ်။ အစားအသောက်တွေကလည်း ကျွန်မတို့နေ့စဉ်စားနေတဲ့ အိမ်ထမင်းအိမ်ဟင်းထက် များစွာ ကောင်းမွန်ပါတယ်။ နေထိုင်မှုမှာလည်း အဆောင်မှာနေရတာ အစစ အရာရာ အားလုံးအားလုံး အဆင်ပြေပါတယ်။

သွားလာရေးမှာလည်း ကျွန်မတို့နဲ့ ကျေးရွာခေါင်းဆောင်များကို စိုက်ပျိုးရေးဦးစီးဌာန၊တိုင်းဦးစီးမှူး ရုံးကနေ ကားနဲ့အကြိုအပို့ စီစဉ်ပေးတာ၊ လေ့လာရေးသွားရာမှား ဘစ်ကားကြီးများနဲ့ အဖွဲ့လိုက် သွားကြတာ၊ ကားပေါ်မှာ မူးသော်၊ အန်သော်ဆေးဝါးဖြင့်ပြုစုကုသပေးတာတွေဟာအလွန်ကိုကောင်းမွန်ပါတယ်။အဲဒီလိုဂရုစိုက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်မိပါတယ်။

ဒီသင်တန်းကျောင်းကြီးကို ရောက်လာတော့ အရမ်းကို အံ့သြမိပါတယ်။ ကျွန်မလည်း အရင်က စိုက်ပျိုး ရေးသင်တန်းတွေ တက်ခဲ့ဖူးပါတယ်။ ဒီကျောင်းကြီးဟာ အရမ်းကို ကြီးကျယ်ခမ်းနားလှပါတယ်။ ကျွန်မ ဖေ့ဘွတ်ကနေ ဗီဒီယိုကောခေါ်ပြီး သူငယ်ချင်းတွေရော၊ ကျွန်မရဲ့အိမ်ကိုရော ကြွားခဲ့ပါတယ်။ သူငယ်ချင်းတွေကလည်း ဒီကျောင်းမှာ
သင်တန်းတက်ချင်တယ်လို့ ပြောကြပါတယ်။

နံနက်ခင်းမှာလုပ်တဲ့ စိတ်အာရုံစုစည်းခြင်းဟာလည်း အရမ်းကို ကောင်းပါတယ်။ အဲဒါကို အရင်ဆုံး လုပ်လိုက် တဲ့အတွက် စာသင်တဲ့အခါမှာ အခြားဘာစိတ်မှမဝင်ပဲနဲ့ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ စာသင်ကြား နိုင်ပါတယ်။

ဒီမှာလေ့လာခဲ့ရတဲ့ စိုက်ပျိုးရေးနည်းပညာတွေကိုလည်း တောင်သူတွေကို ပြန်လည်သင်ကြားပေးသွားမယ်။ စီမံကိန်းနဲ့ပတ်သက်လို့လည်း အခြားရွာတွေရဲ့အောင်မြင်မှုဖြစ်စဉ်တွေကို ပါဝါပွိုင့်တွေနဲ့မြင်ရတော့ ကျွန်မကြီးကြပ်ရတဲ့
ကျေးရွာကိုလည်း ဒီလိုအောင်မြင်အောင် ဆောင်ရွက်မယ်။ အခြားရွာတွေမှာတော့ ဒီလိုအောင်မြင်မှုတွေရှိနေပြီ ဆိုတာကိုလည်း ပြောပြပြီး ကြိုးစားလာအောင် စည်းရုံးလှုံ့ဆော်ပေးပါမယ်။