[multilanguage_switcher]

Daw Shwe Yi Lu

ဒေါ်ရွှေရည်လူး၊ ကျေးရွာခေါင်းဆောင်၊ ပုံအင်းကျေးရွာ၊ ကလောမြို့နယ်
ကသ-၁၃၊ ကျေးရွာသစ်လှုပ်ရှားမှုသင်တန်းအမှတ်စဉ်(၃/၂၀၁၇)၊ ၂၇-၁၁-၁၇ မှ ၁-၁၂-၁၇
အထိ

သင်တန်း၏စီမံမှုသည် အလွန်ကောင်းမွန်ပါသည်။ စနစ်တကျဖြင့် လစ်ဟာမှုတစ်ခုမှ မရှိပဲပြည့်စုံစွာစီမံထားသည့်အတွက် အလွန်တန်ဖိုးရှိလှပါသည်။သင်တန်အစီအစဉ်တွေအားလုံးဟာလည်းကျွန်မတို့အတွက်မလိုအပ်ဖူးဆိုတာမျိုးတစ်ခုမှမရှိပါဘူး။ နံနက်ခင်းအာရုံစုစည်းခြင်းမျိုးဟာလည်း စိတ်အာရုံကိုစုစည်းပေးပြီး လန်းဆန်းတက်ကြွစေပါတယ်။

အစားအသောက်နဲ့ပတ်သက်လို့လည်း ယခင်က အိမ်မှာစနစ်တကျမရှိ စားသောက်ခဲ့ပြီး ဒီသင်တန်းကျောင်း ကနေ စနစ်ကျတဲ့ စားသောက်ပုံ၊ စားသောက်နည်းတွေကို တွေ့မြင်လိုက်ရတဲ့အခါမှာတော့ အိမ်ကိုပြန်ရောက်ရင် ကျွန်မတို့ရဲ့စနစ်မကျတဲ့ စားသောက်ပုံစားသောက်နည်းတွေကို ပြုပြင်ဖို့ရန်အတွက် သန္ဒိဌ္ဓာန်ချမိပါတယ်။

နေထိုင်မှုမှာလည်း အိမ်မှာဆိုရင် ဒီသင်တန်းကျောင်းမှာလို စနစ်တကျနဲ့ မနေထိုင်ခဲ့ပါဘူး။ ဒီသင်တန်း ကျောင်းမှာ သင်တန်းတက်လိုက်ရတဲ့အတွက် နေထိုင်မှုနဲ့ပတ်သက်လို့လည်း စနစ်တကျနဲ့ နေထိုင်တတ်ရမယ်ဆိုတာကို သိရှိခဲ့ပြီး အိမ်ပြန်ရောက်ရင်လည်း ပြင်ဆင်ဖို့ဆုံးဖြတ်မိပါတယ်။

သွားလာရေးမှာလည်း ကြီး၊ငယ်၊ယုတ်၊လတ်၊မြတ် မရွေးပဲနဲ့ ကြိုဆိုရေးတာဝန်ကျတဲ့သူတွေက လာရောက် ကြိုဆိုပေးကြတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာမိပါတယ်။ ဒီသင်တန်းကျောင်းကို ရောက်လာတော့လည်း ကိုယ်တက်ရမယ့်ကျောင်းဟာ ကိုယ်နဲ့တောင်မှ တန်ရဲ့လားလို့တောင် တွေးမိပါတယ်။

စုပေါင်းကစားနည်းတွေကို ကစားရတာဟာလည်း လောကမှာ တစ်ဦးတစ်ယောက်တည်း တော်နေလို့၊ ကောင်း နေလို့ မရဘူး၊ စုပေါင်းလုပ်ဆောင်မှ အောင်မြင်မယ်ဆိုတဲ့ အသိစိတ်ဓါတ်မျိုးလည်း ရရှိခဲ့ပါတယ်။ ဒီဆယ်မား အူးလ်အခြေခံသင်တန်းကို တက်ချင်နေခဲ့တာ ကြာပါပြီ။ အခုလို တက်ရောက်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။